ရှီဇန့်(တိဘက်)သည် ယခုနှစ်အတွင်း ကားလမ်း စီမံကိန်း ၄၁၇ ခု ပြုလုပ်ရန် စီစဉ်ထား

(GMT+08:00)2024-04-03 13:56:45  

ရှီးဇန့်(တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနမှ သတင်းအရ ၂၀၂၄ခုနှစ်တွင် ရှီဇန့်ဒေသတစ်ခုလုံး ကားလမ်း စီမံကိန်း ၄၁၇ ခုကို ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရပါသည်။ အစီအစဉ်အရ မတ်လ အလယ်အပိုင်း အထိ စီမံကိန်း စုစုပေါင်း ၁၁၀ ခု ပြန်လည်စတင်ခဲ့ပြီး ဒုတိယသုံးလပတ်တွင် ဆက်လက်တည်ဆောက်ရေး စီမံကိန်းများ ရာနှုန်းပြည့် ပြန်လည်စတင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်း အခြေအနေ ကောင်းမွန်ကြောင်း သတင်းအရ သိရပါသည်။