ကျန်းစူးပြည်နယ်သည် "ခိုင်ခံ့၊ ချမ်းသာ၊ လှပပြီး မြင့်မားသော" ခေတ်မီတိုးတက်ရေး တည်ဆောက်မှု ၏ အခန်းကဏ္ဍသစ်ကို ရေးစပ်

(GMT+08:00)2024-04-03 13:53:50  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ယခုလ ၂ ရက်နေ့က အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး၊ ကျန်းစူးပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ခံက သက်ဆိုင်ရာအကြောင်းအရာများကို မိတ်ဆက် ပေးခဲ့ပါသည်။ ၂၀၂၃ခုနှစ်က ကျန်းစူးပြည်နယ်၏ စုစုပေါင်းကုန်ထုတ်လုပ်မှု တန်ဖိုးသည် ယွမ် ၁၂.၈၂  ထရီလီယံဖြစ်ပြီး မြို့ ၅ မြို့၏ စုစုပေါင်းစီးပွားရေးထွက်ရှိမှုသည် ယွမ် ၁ ထရီလီယံကျော်ကာ၊ မြို့ပြနှင့် ကျေးလက်နေထိုင်သူများ၏ တစ်ဦးချင်း ပျမ်းမျှ ဝင်ငွေမှာ ယွမ် ၅၂၇၀၀ ဖြစ်သည်ဟု သိရပါသည်။