အစ္စရေးတပ်ဖွဲ့သည် ဂါဇာရှိ ရှီဖာဆေးရုံကို ဖျက်ဆီးပြီဟု WHO ဆို

(GMT+08:00)2024-04-03 13:59:07  

   လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း အစ္စရေးစစ်တပ်သည် ရှီဖာဆေးရုံကို ဝိုင်းရံတိုက်ခိုက်၍ အဆိုပါဂါဇာကမ်းမြှောင်ဒေသရှိ အကြီးဆုံးဆေးရုံကို ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

   ရှီဖာဆေးရုံအုပ်ကြီးက ရှီဖာဆေးရုံ 'မရှိတော့ကြောင်း' မိမိတို့အား ပြောကြားခဲ့သည်ဟု WHOအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Margaret Harris က ထိုနေ့တွင်ကျင်းပသော ကုလသမဂ္ဂ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြေားကြားခဲ့ပါသည်။