ရထားပေါင်း ၃၄၀၀ ကျော်နှင့် တန်ချိန် ၂.၃၆၃ သန်းဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တရုတ်-ဥရောပ ကုန်တင်ရထားလိုင်း "လမ်းကြောင်း" အရှိန်မြှင့်လာ

(GMT+08:00)2024-04-03 13:56:12  

ဧပြီလ ၂ ရက်နေ့တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စံပြဇုန်တွင် ဟေလွန်ကျန်းပြည်နယ် ထွန်ကျန်းမြို့ မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ တရုတ်-ဥရောပ ကုန်တင်ရထားလိုင်းသစ်ကို ဖွင့်လှစ်ခဲ့ရာ ပထမဆုံး ရထားသည် ကွန်တိန်နာပေါင်း ၁၁၀ ကို တင်ဆောင်ကာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စံပြဇုန် သယ်ယူပို့ဆောင်ရေး စင်တာမှ ထွက်ခွာခဲ့ပါသည်။

ယခုအချိန်အထိ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စံပြဇုန် သည် နိုင်ငံတကာ ရထားလိုင်း စုစုပေါင်း ၂၂ လိုင်းကို ဖွင့်လှစ်ထားပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ နှင့် Belt and Road တစ်လျှောက်ရှိ နိုင်ငံ ၂၃ နိုင်ငံမှ ၅၄ မြို့နှင့် ဆက်သွယ်ထားသည်။ အကောက်ခွန်ဌာနသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စံပြဇုန်မှ ထွက်ခွာသော တရုတ်-ဥရောပ ကုန်တင်ရထား ၃၄၀၀ ကျော်ကို ကြီးကြပ်ခဲ့ပြီး အဆိုပါရထားများသည် သွင်းကုန်ပို့ကုန် ကွန်တိန်နာ ၂၈၁၀၀၀ နှင့် ကုန်စည် တန်ချိန် ၂.၃၆၃ သန်း ပို့ဆောင်ခဲ့သည်။