ထိုင်ဝမ် Hualien ခရိုင်ကမ်းလွန်ဒေသတွင် ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

(GMT+08:00)2024-04-03 13:57:19  

China Seismological Network မှတရားဝင်တိုင်းတာချက်အရ ဧပြီလ ၃ ရက်နေ့ ၇နာရီ ၅၈ မိနစ် အချိန်တွင် ထိုင်ဝမ် Hualien ခရိုင်ကမ်းလွန်ဒေသ မြောက်လတ္တီတွဒ် ၂၃.၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၂၁.၇၄ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကိုဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရပါသည်။