Gongzheng သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်ဝန် Adsaphanthong နှင့် တွေ့ဆုံ

(GMT+08:00)2024-04-03 13:58:03  

ရှန်ဟိုင်းမြို့တော်ဝန် Gongzheng သည် ဧပြီလ ၂ရက်နေ့က အလည်အပတ် ရောက်ရှိနေသော လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်ဝန် Adsaphanthong နှင့်အဖွဲ့အား တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် Gongzheng က ဗီယင်ကျန်းမြို့သည် လာအိုနိုင်ငံ၏ အကြီးဆုံး သောမြို့ ဖြစ်ပြီး ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးမြို့တော် ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာအတွင်း မြို့နှစ်မြို့တို့သည် စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစသည့် နယ်ပယ်များတွင် ကျယ်ပြန့်ပြီး လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ အောင်မြင်မှုများ ရရှိခဲ့ကြကြောင်း၊ မြို့နှစ်မြို့အကြား ပညာရေး၊ သိပ္ပံနည်းပညာနှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး လူငယ်များအကြား ကူးလူးဖလှယ်မှုများကို မြှင့်တင်ကာ ခရီးသွားလာရေးကို မြှင့်တင်၍ မြို့နှစ်မြို့မှ မြို့သူမြို့သားများအကြား ချစ်ကြည်ရေး တိုးပွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
    Adsaphanthong က ဗီယင်ကျန်းမြို့နှင့် ရှန်ဟိုင်းမြို့အကြား နက်ရှိုင်းသော ချစ်ကြည် ရင်းနှီးမှု ရှိပြီး မြို့နှစ်မြို့အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေကာ ပြည်သူများအကြား အပြန်အလှန်နားလည်မှုကို တိုးပွားရန် မျှော်လင့် ကြောင်း၊ ရှန်ဟိုင်းလုပ်ငန်းကုမ္ပဏီများ ဗီယင်ကျန်းမြို့သို့ လာရောက်ရင်းနှီးမြှုပ်နှံရန်၊ ရှန်ဟိုင်းခရီးသည်များ ဗီယင်ကျန်းမြို့သို့ လာရောက်လည်ပတ်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။