အီရန်အမြင့်ဆုံးခေါင်းဆောင်က အီရန်သံရုံးအပေါ် အစ္စရေး၏တိုက်ခိုက်မှုကို “အပြစ်ပေး”မည်ဟု ကတိပြု

(GMT+08:00)2024-04-03 13:59:42  

အီရန်အမြင့်ဆုံးခေါင်းဆောင် Khameneiက ဆီးရီးယားဆိုင်ရာ အီရန်သံရုံးအပေါ် အစ္စရေး၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေး၏ “ပြစ်မှုကျူးလွန်မှု”ကို “အပြစ်ပေး”မည်ဟု ကတိပြုကြောင်း ဧပြီလ ၂ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

Khamenei ဝက်ဘ်ဆိုက်မှသတင်းအရ Khameneiက အစ္စရေးကို “အပြစ်ပေး”မည် ဖြစ်ပြီး ၎င်းတို့အား ယင်းပြစ်မှုကျူးလွန်မှုနှင့် အခြားလုပ်ရပ်များအတွက် နောင်တရစေမည် ဟု ကြေညာချက်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။