ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုအခြေအနေကို ပြည်မကြီးသက်ဆိုင်ရာဌာနများ အလွန်ဂရုစိုက်ကြ သည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2024-04-03 20:18:10  

    ဧပြီလ ၃ရက်နေ့က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က ပြည်မကြီးသက်ဆိုင်ရာဌာနများသည် ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုအခြေအနေကို အလွန် ဂရုစိုက်ကြကြောင်း၊ ငလျင်ဘေးဒဏ်ခံခဲ့ရသော ထိုင်ဝမ်မွေးချင်းပေါက်ဖော်များအား နှစ်သိမ့် အားပေးကြောင်း၊ ငလျင်လှုပ်ခတ်မှုအခြေအနေနှင့် နောက်ဆက်တွဲအခြေအနေများကို မျက်ခြေမပြတ် အာရုံစိုက်ပြီး ဘေးအန္တရာယ်ကယ်ဆယ်ရေးအကူအညီများပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။