တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-04-03 20:19:19  

  နှစ်စဉ် စစ်ရေး လေ့ကျင့်မှု စီမံကိန်း အရ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်နယ်သည်  ကြည်းတပ်နှင့် လေတပ်ကို စုစည်းပြီး ယခုလ ၂ရက်နေ့က   တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေး လေ့ကျင့်မှုကို  ပြုလုပ်ခဲ့ကြောင်း၊ နံနက် ၈နာရီခန့် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီးနောက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် သံချပ်ကာ ခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကြည်းတပ် လေကြောင်း တပ်မဟာနှင့် လေတပ် လေကြောင်းတပ်မဟာ စသည့် တပ်ဖွဲ့များသည် သတ်မှတ်ထားသော စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာ နေရာများ၌ လျင်မြန်စွာ ရောက်ရှိပြီး ဇုန်နယ်အလိုက်နှင့် အချိန်အလိုက် ကျည်ဆန်အစစ်ဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ပြလုပ်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။