ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတ ပရာဘော်ဝေါ်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-04-02 13:19:53  

ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ အင်ဒိုနီးရှားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဘရာဘော်ဝေါ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် မဟာဗျူဟာနှင့် ရေရှည် ရှုထောင့်မှနေ တရုတ်နှင့် အင်ဒိုနီးရှား ဆက်ဆံရေးကို ရှုမြင်ခြင်း ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်လိုပါကြောင်း၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သြဇာသက်ရောက်မှု ရှိသည့် တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို များပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းပေး၍ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

  သမ္မတ ဘရာဘော်ဝေါ်က တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ အားကောင်းသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ အင်ဒိုနီးရှား အစိုးရသစ် အနေနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်မှုကို တက်ကြွစွာ တိုးမြှင့်ပြီး၊ စီးပွားရေးနှင့် ဆင်းရဲမှု ပပျောက်ရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမို များပြားသော အောင်မြင်မှုရလဒ်များ ရရှိစေရန် တွန်းအားပေး၍ နှစ်နိုင်ငံ ပြည်သူများ အတွက် တစ်ဆင့်တိုး အကျိုးပြုပေးလိုပါကြောင်း ပြောကြားပါသည်။