ဆီးရီးယားရှိ အီရန်သံတမန်ဌာနများအပေါ် အစ္စရေး၏တိုက်ခိုက်မှုကို အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-04-02 13:30:24  

ဧပြီလ ၁ ရက်နေ့တွင် အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ထိုနေ့တွင်ပင် ဆီးရီးယားရှိ အီရန်သံတမန်ဌာနများအပေါ် အစ္စရေး၏တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့ပါသည်။ဂါဇာဒေသ၌ အကြမ်းဖက်မှုများနှင့် ဖျက်ဆီးမှုများ၊ ဆီးရီးယားနယ်မြေကို ဆက်တိုက်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အတွက်  အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုင်းအဝိုင်းကို ထိရောက်သည့် လုပ်ဆောင်မှုများပြုလုပ်ရန် ပန်ကြားခဲ့ပါသည်။