တောင်ပင်လယ် ရေးရာတွင် ဖိလစ်ပိုင်က ကတိပြုချက်များကို ဖောက်ဖျက်ပြီး ကျူးကျော် ရန်စမှုများ ပြုလုပ်သည့် အဖြစ်မှန်များကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဖော်ထုတ်

(GMT+08:00)2024-04-02 13:20:32  

မကြာမီရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ တောင်ပင်လယ်ဆိုင်ရာ မဟုတ်မမှန် ပြောဆိုချက်များကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံအား အကြိမ်ကြိမ် အကြောင်းမဲ့ ပြစ်တင် ဝေဖန်ခဲ့ခြင်း၏ ရည်ရွယ်ချက်သည် တောင်ပင်လယ် ရေးရာတွင် ၎င်း၏ ကတိပြုချက်များကို ဖောက်ဖျက်ပြီး ကျူးကျော် ရန်စမှုများ ပြုလုပ်သည့် အဖြစ်မှန်များကို ဖုံးကွယ်ရန် ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် ကျူးကျော် ရန်စမှု လုပ်ရပ်များကို အမြန်ဆုံး ရပ်ဆိုင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်မြေ အချုပ်အခြာအာဏာ၊ ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဧပြီလ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

   ဝမ်ဝင်ပင်က ဖိလစ်ပိုင်သည် Ren'ai ကျောက်တန်းရေးရာတွင် တရုတ်နိုင်ငံအား ကတိပြုချက်ကို ဖောက်ဖျက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် Ren'ai ကျောက်တန်းပေါ်တွင် တရားမဝင် သောင်တင်နေသည့် စစ်သင်္ဘောကို ဆွဲသွားမည်ဟု တည်ကြည်လေးနက်စွာ ကတိပြုခဲ့သော်လည်း ၂၅ နှစ်ကြာ ကုန်လွန်ခဲ့သည့်တိုင်အောင် ဖိလစ်ပိုင်၏ စစ်သင်္ဘောသည် Ren'ai ကျောက်တန်းပေါ်တွင် ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်သည် တရုတ်နှင့် ဖိလစ်ပိုင်တို့ ရရှိခဲ့သည့် Ren'ai ကျောက်တန်း အခြေအနေကို သင့်လျော်စွာ ထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးတွဲ ချုပ်ဆိုခဲ့သည့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းတို့ကို ဖောက်ဖျက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။