ပါရီအိုလံပစ်ပွဲ နီးကပ်လာပြီး အိဝူးမြို့တွင် အလုပ်များနေ

(GMT+08:00)2024-04-02 13:24:58  

၂၀၂၄ ခုနှစ် ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲ ကျင်းပရန် လေးလကျော်သာလိုတော့သည့်အချိန်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် အိဝူးမြို့မှ ကုန်သည်များသည် အိုလံပစ်ပွဲနှင့်ပတ်သက်သော ထုတ်ကုန်အမှာစာ အများအပြား လက်ခံရရှိထားပြီးဖြစ်ပြီး အိုလံပစ်အငွေ့အသက်များသည် ပြိုင်ပွဲအချိန်ထက် စောလျင်စွာ ရောက်ရှိလာနေပြီဖြစ်သည်။ အိဝူးမြို့ အကောက်ခွန်ဌာနမှ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အိဝူးမြို့မှ ပြင်သစ်နိုင်ငံသို့ တင်ပို့ရောင်းချမှု ပမာဏမှာ ယွမ် သန်းပေါင်း ၅၄၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၄၂ ရာခိုင်နှုန်း တိုးမြင့်လာကာ ၎င်းတို့အနက် အားကစားပစ္စည်းများ တင်ပို့ရောင်းချမှု ပမာဏမှာ ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇၀.၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်းသိရပါသည်။