တရုတ်-ထိုင်း ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ခြင်း တစ်လ ပြည့်ပြီး ခရီးသွား လုပ်ငန်း မှ ဝန်ထမ်းများ အလုပ်များလျက်ရှိ

(GMT+08:00)2024-04-02 13:24:07  

ဧပြီလ ၁ ရက်နေ့သည် တရုတ်-ထိုင်း နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်သည့် တစ်လပြည့်သောနေ့ဖြစ်သည်။ ယခုနှစ် မတ်လ ၁ ရက်နေ့က တရုတ်-ထိုင်း နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် စတင် အသက်ဝင်ခဲ့ပြီးသည့်နောက်ပိုင်း ဘန်ကောက်မြို့ရော ဖူးခက်ကျွန်းအပါအဝင် နေရာအသီးသီးတွင် တရုတ်ခရီးသည်ဦးရေ သိသိသာသာ တိုးများလာခဲ့သည်။ ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အချက်အလက်များအရ မတ်လ ၃၁ ရက်နေ့အထိ ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားခရီးသွားဦးရေမှာ ၉.၃၇ သန်းကျော်ရှိပြီး ဝင်ငွေ ဘတ် ၄၅၄.၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ၃၆.၄ ဘတ်နှင့် ညီမျှသည်) ရှိကြောင်း၊ ယင်းတို့အနက် တရုတ်ခရီးသည် ၁.၇၅ သန်းကျော်ရှိပြီး အများဆုံးဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ခရီးသွား အသင်းမှ အထွေထွေအတွင်းရေးမှူး အာဒီချာရာဒါနာနွန် က ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်ခရီးသည်ဦးရေမှာ ၃.၅ သန်းခန့်ရှိပြီး ယခုနှစ်အတွင်း တစ်ဆခန့် တိုးများလာပြီး ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ဟု ပြောကြားသည်။