ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းနှင့် ပတ်သက်ပြီး ဆင်ဟွာ သတင်းဌာန သတင်း ဆောင်းပါးများ ရေးသားထုတ်ပြန်

(GMT+08:00)2024-04-02 13:36:31  

 မတ်လ ၂၇ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ အလည်အပတ် ရောက်ရှိနေသော အမေရိကန် စက်မှုနှင့် ကုန်သွယ်ရေး လောကနှင့် မဟာဗျူဟာ ပညာရှင် လောကမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ နှုတ်ဆက်ပြီး တရုတ်နိုင်ငံ၏ အမေရိကန်နှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး သဘောထား ရပ်တည်ချက်နှင့် ခံယူချက်များကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းတွေ့ဆုံနှုတ်ဆက်မှုတွင် သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဌာနသည် သတင်းဆောင်းပါး ၄ပုဒ်ကို ရေးသားပြီး မှန်ကန်သည့် မဟာဗျူဟာမြောက် အသိအမြင် ထူထောင်ရေး၊ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများ တိုးချဲ့ဖန်တီးရေး၊ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်စေရေး အားဖြည့် ဆောင်ရွက်ရေးနှင့် တရုတ်နှင့် အမေရိကန်တို့ win-win ရရှိလျှင် ကမ္ဘာ အနေနှင့် အနိုင် ရရှိခြင်းဖြစ်ပြီး ကဏ္ဍ ၄ခုမှနေ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုကောင်းမွန်သည့် အနာဂတ် မည်သို့ ရရှိနိုင်မည်နည်းနှင့် စပ်လျဉ်း၍ ဖော်ပြခဲ့ပါသည်။