ရုရှားက ယူကရိန်း၏ အမေရိကန်ထုတ် တင့်ကားတစ်စီးကို ဖျက်ဆီးသည်ဟု ဆိုပြီး ယူကရိန်းက ရုရှား၏ ဦးစီးကွပ်ကဲရေးဌာနကို တိုက်ခိုက်သည်ဟု ဆို

(GMT+08:00)2024-04-02 14:24:21  

ဒေသစံတော်ချိန် ဧပြီလ ၁ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ  ရုရှားတပ်မတော်သည် ယူကရိန်း၏ အမေရိကန်ထုတ် “Abrams”ပင်မ တိုက်ပွဲဝင်တင့်ကား တစ်စီးထပ်မံဖျက်ဆီးပြီး ၎င်း၏အခြားပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါ သည်။

ထိုနေ့တွင်ပင် ယူကရိန်းတပ်မတော်က ရုရှားတပ်မတော်၏ ထိုးစစ်ဆင်မှုကို ကြိမ်ဖန်များစွာ ပြန်လည်တိုက်ဖျက်ပြီး ရုရှားတပ်မတော်တည်ရှိသောနေရာအား လေကြောင်းမှ တိုက်ခိုက်မှု ကြိမ်ဖန်များစွာပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းနိုင်ငံတော် လျှပ်စစ်ဓာတ်အားကုမ္ပဏီက ယူကရိန်းပြည်တွင်း လျှပ်စစ်ဓာတ်အား စနစ်သည် ရုရှားတပ်မတော်၏တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ပြီဟု ပြောကြားခဲ့ပါသည်။