ကိန်းဂဏန်း အချက်အလက်များသည် တရုတ် စီးပွားရေး အပေါ် ပြင်ပမှ အကောင်း မြင်ကြောင်းကို သက်သေပြနေ

(GMT+08:00)2024-04-02 15:30:28  

ယခု ရက်များတွင် တရုတ် စီးပွားရေး ညွှန်းကိန်း ၃ခု ပြန်တက်လာခြင်း အပေါ် နိုင်ငံတကာ ပြည်သူများ လွန်စွာ အာရုံစူးစိုက်ကြပါသည်။ AFPစသည့် နိုင်ငံခြား မီဒီယာများကပင် ယင်း ကိန်းဂဏန်း အချက်အလက်များသည် တရုတ် စီးပွားရေး နာလန်ပြန်ထူ လာနေသည့် ခြေလှမ်း အရှိန်မြင့်လာသော နောက်ဆုံးပေါ် လက္ခဏာ ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး အတွက် တွန်းအားသစ်များ ဖော်ဆောင်ပေးနေကြောင်း ယူဆကြပါသည်။

ညွှန်းကိန်း ၃ခု ဆိုသည်မှာ ကုန်ထုတ်လုပ်ငန်း ဝယ်ယူသူ မန်နေဂျာ ညွှန်းကိန်း(PMI)၊ ကုန်ထုတ်လုပ်ငန်း မဟုတ်သော စီးပွားကုန်သွယ်ရေး လှုပ်ရှားမှု ကိန်းညွှန်း(Non-manu facturing business activity index)နှင့် အထွေထွေ PMIတို့ ဖြစ်ပါသည်။ အထွေထွေ PMIသည် စီးပွားရေး အခြေအနေ တစ်ခုလုံးကို ရောင်ပြန်ဟပ်ပါသည်။ PMIသည် ကုန်ထုတ်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် ပြောင်းလဲရေး ရှေ့အလားအလာကို ရောင်ပြန်ဟပ်ပါသည်။ ကုန်ထုတ်လုပ်ငန်း မဟုတ်သော စီးပွားကုန်သွယ်ရေး လှုပ်ရှားမှု ညွှန်းကိန်းကတော့ ဝန်ဆောင်မှု လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို အဓိကအားဖြင့် ရောင်ပြန်ဟပ်ပါသည်။

ယခုနှစ် မတ်လ၏ အဆိုပါ PMI၊ ကုန်ထုတ်လုပ်ငန်း မဟုတ်သော စီးပွားကုန်သွယ်ရေး လှုပ်ရှားမှု ညွှန်းကိန်းနှင့် အထွေထွေ PMIသည် ၅၀.၈ရာခိုင်နှုန်း၊ ၅၃ရာခိုင်နှုန်းနှင့် ၅၂.၇ရာခိုင်နှုန်း အသီးသီး ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလကထက် ၁.၇ရာခိုင်နှုန်း၊ ၁.၆ရာခိုင်နှုန်းနှင့် ၁.၈ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း တရုတ် အစိုးရမှ နောက်ဆုံး စာရင်းအရ သိရပါသည်။ အမေရိကန် Bloomberg News အပါအဝင် နိုင်ငံခြား မီဒီယာများက တရုတ် ကုန်ထုတ်လုပ်ငန်း၏ ရှေ့အလားအလာ အပေါ် အကောင်းမြင်ပြီး စီးပွားရေး အခြေအနေ တစ်ခုလုံး တည်ငြိမ်နေကြောင်း ရေးသားဖော်ပြသည်။

ယင်းကိန်းဂဏန်း အချက်အလက်များသည် တရုတ် စီးပွားရေး အပေါ် ပြင်ပမှ အကောင်း မြင်ကြောင်းကို သက်သေပြနေပါသည်။