တရုတ်ထုတ်လုပ်သည့်မော်တော်ကားများ ပြင်ပမှာ ရောင်းအားကောင်း

(GMT+08:00)2024-04-02 13:46:06  

၂၀၂၄ခုနှစ် ပထမ ၂ လတွင် တရုတ်နိုင်ငံ၏ မော်တော်ကား တင်ပို့ရောင်းချမှု ပမာဏသည် အစီးရေ ၈ သိန်း ၃ သောင်း ၁ ထောင် ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၂၂.၁ ရာခိုင်နှုန်း တိုးများလာကာ ၎င်းတို့အနက် လျှပ်စစ်မော်တော်ကား အစီးရေ ၁ သိန်း ၈ သောင်း ၂ ထောင်ရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၇.၅ ရာခိုင်နှုန်းတိုးများလာကြောင်း၊ တရုတ်နိုင်ငံ ထုတ်လုပ်သည့်မော်တော်ကားများ ပြင်ပတွင် ရောင်းအားကောင်းနေသည့် အရှိန်အဟုန်သည် ဆက်လက် ကောင်းမွန်းနေကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ရုံးမှ စာရင်းအရ သိရပါသည်။