ဒရုန်းအသုံးပြုသောမြင်ကွင်း ပိုမိုများပြားလာ

(GMT+08:00)2024-04-02 14:26:03  

   ဧပြီလ ၁ရက်နေ့ ထုတ်ပြန်သော “တရုတ်နိုင်ငံ low-altitude economy ဖွံ့ဖြိုးရေး သုတေသနအစီရင်ခံစာ(၂၀၂၄)”မှ စာရင်းအရ ၂၀၂၃ခုနှစ် တရုတ်နိုင်ငံ low-altitude economy ပမာဏသည် တရုတ်ငွေယွမ် ၅၀၅.၉၅ဘီလီယံရှိပြီး တိုးတက်မှုနှုန်း ၃၃.၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၆ခုနှစ်တွင် low-altitude economy ပမာဏသည် တရုတ်ငွေယွမ် ဘီလီယံပေါင်း ၁၀၀၀ကျော်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ကွမ်တုံး-ဟောင်ကောင်- မကာအို ပင်လယ်ကွေ့ဇုန်သည် ရှေ့တန်းထုတ်လုပ်ရေးနှင့် ပြီးပြည့်စုံသော စက်မှုကွင်းဆက်များဖြင့်  သက်ဆိုင်ရာ အားသာချက်များ ပိုင်ဆိုင်ထားကြောင်း သိရပါသည်။