ပါလက်စတိုင်းနိုင်ငံကို ယခုနှစ် ပထမနှစ်ဝက်တွင် အစိုးရက အသိအမှတ်ပြု အတည်ပြုရန် စီစဉ်နေကြောင်း စပိန်ဝန်ကြီးချုပ်ဆို

(GMT+08:00)2024-04-02 13:26:44  

စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က အရှေ့အလယ်ပိုင်းသုံးနိုင်ငံဖြစ်သည့် ဂျော်ဒန်၊ ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း စပိန်အစိုးရသည် ယခုနှစ် ပထမနှစ်ဝက်၊ ၂၀၂၄ခုနှစ် ဇူလိုင်လမတိုင်ခင်တွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု အတည်ပြုရန် စီစဉ်နေကြောင်း ဒေသစံတော်ချိန် ဧပြီလ ၁ ရက်နေ့က ပြောကြားပါသည်။