တရုတ်နိုင်ငံအား မဟုတ်မမှန်ပုပ်ခတ်ပြောဆိုခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဟု တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-04-02 13:25:53  

ဧပြီလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ ပါသည်။ အချိန်ပိုင်းတစ်ပိုင်းအတွင်း အမေရိကန်နိုင်ငံသည် ပထဝီနိုင်ငံရေး ရည်ရွယ်ချက်အတွက် ၎င်းဦးဆောင်သည့် ကမ္ဘာ့အကြီးဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်သော "Five Eyes Alliance" ကို "တရုတ်ဟက်ကာခြိမ်းခြောက်မှု" ဟူသော မဟုတ်မမှန် အချက်အလက်အမျိုးမျိုးကို ဖန်တီးဖြန့်ကျက်ရန် လှုံ့ဆော်တိုက်တွန်းထားသည်။ မကြာသေးမီက အမေရိကန်နှင့် ဗြိတိန်အစိုးရများသည် "တရုတ်အစိုးရနှင့်ဆက်စပ်"သည် ဆိုသည့် ဟက်ကာအဖွဲ့က ၎င်းတို့အား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ပုပ်ခတ်စွပ်စွဲပြီး အကြောင်းမဲ့ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ယင်းသည် သိသာထင်ရှားသော သူခိုးလူပြန်ဟစ် ပုံစံဖြစ်သည့် မဟုတ်မမှန်ပုပ်ခတ်ပြောဆိုခြင်းဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက်ဖြင့် ဆိုက်ဘာလုံခြုံရေးပြဿနာများကို နိုင်ငံရေးကိစ္စ ဖြစ်အောင် ကြိုးကိုင်ခြယ်လှယ်ခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ထိခိုက်သည်။ တရုတ်နိုင်ငံသည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကာ သက်ဆိုင်ရာများ အနေနှင့် ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကာ မိမိကိုယ်ကိုယ်၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား အကာအကွယ်ပေး ရန် လိုအပ်သော အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်သည်။