အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံခြားသားများ သေဆုံးသည်ဟု ပါလက်စတိုင်းဆို

(GMT+08:00)2024-04-02 13:31:18  

"World Central Kitchen"ပရဟိတအဖွဲ့အစည်းမှ ဝန်ထမ်းများတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့်သတင်းများထွက်လာသောကြောင့် အစ္စရေးတပ်ဖွဲ့သည် ယင်းကိစ္စရပ် အကြောင်းကို သိရှိရန် အမြင့်ဆုံးအဆင့် ဘက်စုံ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖော်ပြခဲ့ပါသည်။ ပါလက်စတိုင်းမီဒီယာ "Al-Quds" ၏ အစောပိုင်းသတင်းထုတ်ပြန်ချက် အရ အစ္စရေးသည် ဂါဇာဒေသ အလယ်ပိုင်း Deir al-Balah တွင် ကားတစ်စီးကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လူ ၅ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ၄ဦးက  "World Central Kitchen" မှ ထောက်ပံ့ရေးဝန်ထမ်းများဖြစ်ပြီး ၎င်းတို့သည် ပိုလန်၊ ဩစတြေးလျ၊ အိုင်ယာလန်နှင့် ဗြိတိန်တို့မှ ဖြစ်ကြောင်း သိရပါသည်။