ရုရှားနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူအားလုံးကို ယူကရိန်းမှဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆို

(GMT+08:00)2024-04-01 15:39:38  

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မတ်လ ၃၁ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ရုရှားနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုတွင်ပါဝင်သူအားလုံးကို ယူကရိန်းမှဖမ်းဆီးပြီး လွှဲပြောင်းပေးရန် တောင်းဆိုလိုက်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင် မတ်လ ၂၂ရက်နေ့က မော်စကို ဆင်ခြေဖုံးရှိ ကပွဲရုံ အကြမ်းဖက်တိုက်ခိုက်မှုသည် ယခုနှစ်များအတွင်း ရုရှားနိုင်ငံအား ပထမဆုံးအကြိမ် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း၊ ရုရှားနိုင်ငံမှ ယူကရိန်းအား အကြမ်းဖက်လှုပ်ရှားမှုမှန်သမျှ ထောက်ပံ့ခြင်းကို ချက်ချင်းရပ်စဲပြီး အကြမ်းဖက်တိုက်ခိုက်သူများကို လွှဲပြောင်းပေးကာ နစ်နာဆုံးရှုံးသူများအား လျော်ကြေးပေးရန် တောင်းဆိုကြောင်း၊ ယူကရိန်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးစာချုပ် တွင် သတ်မှတ်ထားသော တာဝန်ဝတ္တရားကို ချိုးဖောက်သောကြောင့် နိုင်ငံတကာဥပဒေအရ တာဝန်ယူရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏အစိုးရဝက်ဘ်ဆိုက် တွင် ရေးသားဖော်ပြပါသည်။