အတွင်းမွန်ဂိုး Erenhot ကားလမ်းဂိတ်တွင် ဧပြီလ ၁ ရက်နေ့မှစ၍ ၂၄ နာရီ မပြတ် ကုန်စည် အကောက်ခွန် ရှင်းလင်းမှု ကျင့်သုံး

(GMT+08:00)2024-04-01 15:38:38  

   ဧပြီလ ၁ ရက်နေ့မှစ၍  အတွင်းမွန်ဂိုး Erenhot ကားလမ်းဂိတ် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွင်  ၆ လကြာ ၂၄ နာရီ မပြတ် ကုန်စည် အကောက်ခွန် ရှင်းလင်းမှု ကျင့်သုံးမည် ဖြစ်ပါသည်။ Erenhot နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှ စာရင်းများအရ ယခုနှစ် ပထမသုံးလပိုင်းတွင် ၄င်းဂိတ်သည် အဝင်အထွက် လူဦးရေ ၄၆၀၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၂ ဆနီးပါး တိုးလာကာ အဝင်အထွက် သယ်ယူပို့ဆောင်ရေးယာဉ် အရေအတွက်လည်း ၁၁၉၀၀၀ အထိရှိပြီး ၂၀၂၃ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၂.၅ဆ တိုးလာခဲ့သည်ဟု သိရပါသည်။