တစ်ရက်တည်း ကားအစီးရေ ၁၈၄၀၀ ဖြင့် Qingming ပွဲတော်မတိုင်မီတွင် Hong Kong-Zhuhai-Macao တံတား ဖြတ်သန်းသွားလာမှုသည် အမြင့်ဆုံးစံချိန်တင်ခဲ့

(GMT+08:00)2024-04-01 15:38:59  

ဟောင်ကောင်နှင့် မကာအို၏ ယခုနှစ် အစိုးရရုံးပိတ်ရက်များသည် Qing ming ပွဲတော် အားလပ်ရက်နှင့် တိုက်ဆိုင်သဖြင့် ဟောင်ကောင်နှင့် မကာအို ဒေသခံပြည်သူများသည် အားလပ်ရက်တွင် HongKong-Zhuhai-Macao တံတားမှတစ်ဆင့် ဘိုးဘေး ဘီဘင်များအား ဂါရဝပြုခြင်း၊ ဆွေမျိုးများထံသွားရောက်လည်ပတ်ခြင်းနှင့် ခရီးသွားလာခြင်းတို့ကြောင့် ဂိတ်၏ ခရီးသည်သွားလာမှုကို တွန်းအားပေးခဲ့ကြပါသည်။ HongKong-Zhuhai-Macao တံတား စစ်ဆေးရေးဂိတ်မှ ကောက်ယူထား သည့် အချက်အလက်များအရ မတ်လ ၃၁ ရက်နေ့က ဂိတ်အဝင်အထွက် ကားအစီးရေသည် ပထမဆုံးအကြိမ် ၁၈၄၀၀ ကျော်ခဲ့ပြီး၊ သမိုင်းတွင် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ သည်ဟု သိရပါသည်။