၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၇ခု၌ ကျောက်မီးသွေးရိုင်း ထုတ်လုပ်မှုပမာဏ တန်ချိန် သန်း၁၀၀ကျော် ရှိခဲ့

(GMT+08:00)2024-04-01 15:59:00  

တရုတ်ကျောက်မီးသွေးစက်မှုလုပ်ငန်းအသင်းသည် မကြာသေးမီက ၂၀၂၃ခုနှစ် ကျောက်မီးသွေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ ပါသည်။ အသင်းမူဝါဒရေးရာသုတေသနဌာန ဥက္ကဋ္ဌ ကိုဂျုံဟွာ က ၂၀၂၃ခုနှစ်တွင် ကျောက်မီးသွေးရိုင်း ထုတ်လုပ်မှုပမာဏ တန်ချိန် သန်း၁၀၀ကျော် ရှိခဲ့သည့် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၇ခုအနက် ဆန်းစီ၊ စန်ရှီး၊ အတွင်းမွန်ဂိုးလီးယား၊ ရှင်းကျန်း ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၄ခု၏ ကျောက်မီးသွေးရိုင်းထုတ်လုပ်မှု ပမာဏသည် တစ်နိုင်ငံလုံးကျောက်မီးသွေး ရိုင်းထုတ်လုပ်မှု ပမာဏ၏ ၈၁.၃ရာခိုင်နှုန်း ပါရှိပြီး ၂၀၂၀ပြည့်နှစ်ကထက် ၃ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ ကျောက်မီးသွေးရိုင်းထုတ်လုပ်မှုပမာဏသည် တန်ချိန် ၄၅၇ သန်းခန့် ရှိပြီး ၂၀၂၀ပြည့်နှစ်ကထက် တန်ချိန် သန်း၂၀၀ခန့် တိုးများလာခဲ့ကြောင်း၊ အခြားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများသို့ ပို့ဆောင်ခဲ့သည့် ရှင်းကျန်း၏ ကျောက်မီးသွေး တန်ချိန် သန်း၁၀၀ကျော် ရှိခဲ့ပြီ ဖြစ်ပြီး ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသည် တစ်နိုင်ငံလုံးတွင် ကျောက်မီးသွေး ထောက်ပံ့ရေး တိုးတက်မှုသစ် ဖြစ်လာပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။