တရုတ်သည် နယ်ပယ်၅ခု၌ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြ

(GMT+08:00)2024-04-01 15:58:37  

“တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၃၅ခုနှစ် ရှေ့အလားအလာ မျှော်မှန်းချက်”ဆိုင်ရာ ငါးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တတ်သိ ပညာရှင် များအဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်ပွဲနှင့် နိုင်ငံတကာနှီးနှောဖလှယ်ပွဲကို မတ်လ ၃၁ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံသည် ပြည်သူ့နေထိုင်မှုဘဝသစ်၊ စားသုံးမှုသစ်၊ ကုန်ထုတ်လုပ်မှုသစ်၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုသစ်နှင့် ဝန်ဆောင်မှုသစ်ပေးရေး နယ်ပယ်၅ခုတွင် အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေး အောမြင်မှုများ သိသိသာသာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
    အစီရင်ခံစာကို တရုတ်ပြည်သူ့တက္ကသိုလ် Chongyang ငွေရေးကြေးရေးသုတေသန အကယ်ဒမီနှင့် အမေရိကန်၊ ရုရှား၊ ကနေဒါ၊ အိန္ဒိယနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်ရေး တတ်သိပညာရှင်များအဖွဲ့မှ ပူးတွဲထုတ်ပြန်ခြင်း ဖြစ်ပါသည်။