ယခုလ ၂ရက်နေ့ နံနက် ၈နာရီ မှစ၍ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည်

(GMT+08:00)2024-04-01 15:57:58  

    နှစ်စဉ် စစ်ရေး လေ့ကျင့်မှု စီမံကိန်း အရ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့တစ်ဖွဲ့သည် ယခုလ ၂ရက်နေ့ နံနက် ၈နာရီတိတိမှ ၃ရက်နေ့ ညနေ ၆နာရီ တိတိ အထိ တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေး လေ့ကျင့်မှုကို  ပြုလုပ်မည် ဖြစ်ကြောင်း၊ ၄င်းနေရာဒေသသို့ ဝင်ရောက်မည့် မော်တော်ယာဉ်များနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်ထိန်းချုပ်မှုကို နာခံရန် လိုအပ်ကြောင်း ယူနန်ပြည်နယ် ဒယ်ဟုန် ပြည်နယ်ခွဲ ပြည်သူ့ အစိုးရ ဝက်ဘ်ဆိုက်မှ သတင်းကို ကိုးကား၍ CCTV က ဖော်ပြသည်။