တူရကီအရှေ့တောင်ပိုင်းတွင် ဒေသန္တရ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိုက်ခိုက်မှုဖြစ်ပွား၍ လူ၁ဦး သေဆုံး ၁၁ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-04-01 10:49:56  

ဒေသစံတော်ချိန် မတ်လ ၃၁ရက်နေ့က တူရကီTRTရုပ်မြင်သံကြားဌာနမှ သတင်းအချက်အလက်အရ တူရကီ အရှေ့တောင်ပိုင်း ဒီရာပါခ်လ်ဒေသရှိ ကျေးရွာတစ်ရွာသည် ထိုနေ့က ဒေသန္တရ ရွေးကောက်ပွဲ ကျင်းပရာနေရာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ မတူကွဲပြားသော ကိုယ်စားလှယ်လောင်းများကို ထောက်ခံသည့် အုပ်စုနှစ်စုအကြား တိုက်ခိုက်မှု ဖြစ်ပွားရာ  ကျောက်ခဲ၊ တုတ်များနှင့် သေနတ် ကဲ့သို့သော လက်နက်များကို အသုံးပြုခဲ့ကြကြောင်း၊ လုံခြုံရေးတပ်မတော်နှင့် ဆေးကုဝန်ထမ်းများ ရောက်ရှိလာခဲ့ကြောင်း၊ လက်ရှိအချိန်အထိ လူ၁ဦး သေဆုံး ပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။