တရုတ်နှင့် မြန်မာ ရဲဌာန တို့ မူဆယ်ဒေသတွင် ဆက်သွယ်ရေး လိမ်လည်မှု ပူးတွဲ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပထမဆုံး အကြိမ် ပြုလုပ်

(GMT+08:00)2024-04-01 15:57:36  

မကြာခင် ရက်များက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ရဲဝန်ထမ်းများသည် မြန်မာ နိုင်ငံ မြောက်ပိုင်း မူဆယ်ဒေသတွင် ပူးတွဲ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပထမဆုံး အကြိမ် ပြုလုပ်ရာ၌ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၈၀၇ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းအနက် သံသယရှိသူ မြန်မာ နိုင်ငံသား ၄၅၅ဦး ပါဝင်ပြီး ကျန် သံသယ ရှိသူ တရုတ် နိုင်ငံသား ၃၅၂ဦးကို မတ်လ ၃၁ရက်နေ့တွင် တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနမှ သတင်းကို ကိုးကား၍ CCTV က ဖော်ပြသည်။