ယူကရိန်း နေရာ ဒေသများစွာ တွင် ဓာတ်အားကွန်ရက်လုံခြုံရေးကို ခြိမ်းခြောက် နေသည့် လေကြောင်း တိုက်ခိုက်မှုကြောင့် အရေးပေါ် ဓာတ်အား ပြတ်တောက်စေ

(GMT+08:00)2024-04-01 10:49:36  

မတ်လ ၃၁ရက်နေ့က ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ယခု လောလော ဆယ်တွင် ရုရှားက ယူကရိန်းစွမ်းအင်အဆောက်အအုံများကို လေကြောင်း ဖြင့် ဆက်တိုက် တိုက်ခိုက်ပြီး ယူကရိန်းဓာတ်အားကွန်ရက် လုံခြုံရေးကို ခြိမ်းခြောက် ခဲ့ ကြောင်း၊ မတ်လ ၃၀ရက်နေ့ ညက ယူကရိန်းနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ စီမံခန့်ခွဲမှု အရ ဒီနျယ်ပိုလို ဘီတယ်လို ဖ်စ်ခ်ပြည်နယ်၊ စူမေ ပြည်နယ်၊ ပိုလ်တာဝါပြည်နယ်နှင့် တန်နယ်ဇီခ်ဒေသများတွင် အရေးပေါ် ဓာတ်အား ပြတ်တောက်စေပြီး ဟာလ်ခ်ဖ်ပြည်နယ်တွင် ဆက်လက် အလှည့်ကျ ဓာတ်အား ပြတ်တောက်စေကြောင်း သတင်း အရ  သိရပါသည်။