ပါလက်စတိုင်းအစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

(GMT+08:00)2024-04-01 15:39:17  

ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Mustafaဦးဆောင်သော ပါလက်စတိုင်း အစိုးရသစ်သည် မတ်လ ၃၁ရက်နေ့ညက ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း Ramallahမြို့၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ပါလက်စတိုင်းမီဒီယာမှထုတ်ပြန်ချက်အရ အစိုးရသစ်တွင် ဝန်ကြီး ၂၃ဦးရှိပြီး ဂါဇာဒေသမှ ပါလက်စတိုင်းသား ၆ဦးပါဝင်ကြောင်း၊ ဝန်ကြီးချုပ်Mustafaသည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ပါ တွဲဖက်ထမ်းဆောင်ကြောင်း သိရပါသည်။