အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ် စစ်ဆေး ကြည့်ရှုခြင်းလုပ်ငန်း အားလုံးပြီးမြောက်

(GMT+08:00)2024-03-31 16:23:16  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စီစဉ်ပေးမှုအရ  အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ် စစ်ဆေးကြည့်ရှုခြင်း လုပ်ငန်းသည် မကြာခင်က အားလုံးပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ လှည့်လည် စစ်ဆေးကြည့်ရှုခြင်းလုပ်ငန်း၏ စီစဉ်ပေးမှု အရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ လှည့်လည် စစ်ဆေး ကြည့်ရှုခြင်း လုပ်ငန်း အဖွဲ့များသည်  စစ်ဆေးကြည့်ရှုခြင်းခံရသည့် ပါတီအဖွဲ့များမှ အဓိက တာဝန်ခံများအား စစ်ဆေးကြည့်ရှုရာတွင် တွေ့ရှိသော အဓိက ပြဿနာများကို အကြောင်းကြားပြီး ပါတီအဖွဲ့ ခေါင်းဆောင်များအား စစ်ဆေးကြည့်ရှုခြင်း အကြောင်းအရာများကို မိတ်ဆက်ပြောကြား ခဲ့ပါသည်။