၂၀၂၄ တရုတ် အွန်လိုင်းမီဒီယာ ဖိုရမ်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတင်ကျင်းပ

(GMT+08:00)2024-03-31 16:25:45  

မတ်လ ၃၀ ရက်နေ့က ၂၀၂၄ တရုတ် အွန်လိုင်းမီဒီယာ ဖိုရမ်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်ကို ၂ရက်ကြာကျင်းပမည်ဖြစ်ပြီး "ခရီးစဉ်အသစ်တွင် လိုက်ပါချီတက်ခြင်းနှင့် မစ်ရှင်အသစ်ကို ထမ်းဆောင်ခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် လွန်ခဲ့သော ၁၀ နှစ်အတွင်း တရုတ်ပြည်၏ အွန်လိုင်းမီဒီယာများက ဆန်းသစ်တီထွင်မှု၊  ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်များတွင် ရရှိခဲ့သော ထင်ရှားတဲ့ အောင်ကျိုးရလဒ်များကို အကျဉ်းချုပ် ဖော်ပြခဲ့ပြီး လက်ရှိကာလအတွင်း အွန်လိုင်းမီဒီယာ တည်ဆောက်ရာတွင် ရင်ဆိုင်နေရသော အခြေအနေသစ်၊ လုပ်ငန်းတာဝန်သစ်နှင့် အကြောင်းအရာသစ်များနှင့် ပတ်သက်၍ ကူးလူးဖလှယ်ခဲ့ကြ ပါသည်။