မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ဦးသေဆုံး

(GMT+08:00)2024-03-31 16:27:33  

ဒေသစံတော်ချိန် မတ်လ ၃၀ရက်နေ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် အစိုးရ အရာရှိက ထိုနေ့ညနေပိုင်းတွင် မှော်ဘီမြို့နယ်၌ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ကလေး ၂ယောက်အပါအဝင် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြော ကြား ခဲ့ပါသည်။

မတ်လ ၂၇ရက်နေ့မှ ၃၀ရက်နေ့အထိ ဆူးလေ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ နှင့် မှော်ဘီ စသော နေရာများ၌ ပေါက်ကွဲမှု ၉ကြိမ် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သောကြောင့် စုစုပေါင်း လူ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲဘက်တာဝန်ရှိသူများသည် အချို့နေရာများ၌ မပေါက်ကွဲသေးသော ဗုံးများကို ဖယ်ရှား ရှင်းလင်း ခဲ့ကြောင်း သတင်းရရှိပါသည်။