အမေရိကန်သည် အစ္စရေးသို့ ဗုံး ၂၀၀၀ ကျော် ထပ်မံပေးပို့

(GMT+08:00)2024-03-31 16:29:00  

မတ်လ ၂၉ရက်နေ့တွင် အမေရိကန်သမ္မတ ဘိုင်ဒန်က မိမိသည် ဂါဇာဒေသတွင် ဖြစ်နေသော "နာကျင်မှု"ကို ခံစားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း ထိုနေ့တွင်ပင် မီဒီယာများက လွန်ခဲ့သည့် နှစ်ပတ်အတွင်း အမေရိကန်အစိုးရသည် အစ္စရေးသို့ ဗုံးအလုံးရေ ၂၀၀၀ ကျော်အပါအဝင် လက်နက်များကို ဆက်လက်ထောက်ပံ့ရန် အတည်ပြုခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါသည်။