International Web Portal of Beijing အသစ်ဗားရှင်း တရားဝင် ထုတ်ပြန်

(GMT+08:00)2024-03-31 16:24:39  

    မကြာခင်က International Web Portal of Beijing အသစ်ဗားရှင်းကို တရားဝင် အွန်လိုင်းတင် ထုတ်ပြန်ခဲ့ပါသည်။ ၄င်းဝက်ဘ်ဆိုက်သည် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အများပြည်သူ  ဝန်ဆောင်မှု ပေးခြင်း၊ တိုင်ပင်ခြင်းနှင့် ကူးလူးဖလှယ်ခြင်း စသည့်  စွမ်းဆောင်နိုင်မှုများ ပါဝင်ပြီး အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်၊ စပိန်၊ ရုရှား၊ အာရပ်နှင့် ပေါ်တူဂီ ဘာသာ ၉မျိုး ပါဝင်ကြောင်း၊ နိုင်ငံခြားသားများနှင့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ အတွက် ငွေပေးချေခြင်း၊ ခရီးထွက်ခြင်း၊ ပညာသင်ကြားလေ့လာခြင်း၊ နေထိုင်မှု၊ ခရီးသွားခြင်း စသည့် ဝန်ဆောင်မှုများ ပေးကြောင်း သိရပါသည်။