ရုရှားနိုင်ငံ မော်စကိုမြို့ ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၃၄ဦး မည်သူမည်ဝါ ဖြစ်ခြင်းကို အတည်ပြုပြီ

(GMT+08:00)2024-03-31 16:28:04  

ဒေသစံတော်ချိန် မတ်လ ၃၀ရက်နေ့က ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများက ရုရှားနိုင်ငံ မော်စကိုမြို့ ရှိ ကဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၃၄ဦး မည်သူမည်ဝါ ဖြစ်ခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်း  သတင်းအရ သိရှိ ရသည်။

မတ်လ ၂၂ရက်နေ့ညက ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ ကဇာတ်ရုံတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ တရားဝင် နောက်ဆုံးရ သတင်း အချက်အလက်အရ  လက်ရှိအချိန်အထိ လူ ပေါင်း ၁၄၄ ဦးသေဆုံးပြီး ၅၅၁ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းအရ သိရှိရ သည်။