အမေရိကန်ဘက်အား တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဟောင်ကောင်၏ ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးကို လေးစားရန် တရုတ် တိုက်တွန်း

(GMT+08:00)2024-03-31 16:24:00  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော “ဟောင်ကောင် မူဝါဒ ဥပဒေ ဆိုင်ရာ အစီရင်ခံစာ”နှင့် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken၏ သက်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ အမေရိကန် ဆိုင်ရာ တရုတ် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုလ ၂၉ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ဟောင်ကောင်သည် တရုတ် နိုင်ငံ၏ အထူး အုပ်ချုပ်ရေး ဒေသ ဖြစ်ပြီး ဟောင်ကောင်ရေးရာသည် တရုတ်ပြည်တွင်းရေး ဖြစ်၍ မည့်သည့် နိုင်ငံမှ ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၄င်းပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဘက်သည် အဖြစ်မှန်များကို လျစ်လျူရှုပြီး ဟောင်ကောင်ရေးရာများတွင် ဝင်ရောက်စွက်ဖက် ပြောဆိုကာ တရုတ် ဗဟို အစိုးရနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရ အပေါ် အကြောင်းမဲ့ ပြစ်တင်ရှုတ်ချ၍ ဟောင်ကောင် ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ထပ်ခါတလဲလဲ သားပုပ်လေလွင့်ပြောဆိုခဲ့ကြောင်း၊ အမေရိကန်ဘက်သည် ဟောင်ကောင် အပေါ် အကြောင်းမဲ့ သက်သက် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့ရန်နှင့် သက်ဆိုင်ရာ တာဝန် လုပ်ငန်းများ ထမ်းဆောင်သည့် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ ဝန်ထမ်းများကို အရေးယူရန် ကြံစည်နေကြောင်း၊ တရုတ်ဘက်သည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန်ဘက်အား ဟောင်ကောင်ရေးရာနှင့် တရုတ် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို ချက်ချင်း ရပ်စဲရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။