Kobayashi ကုမ္ပဏီ၏ red fermented rice ပါဝင်သော အားတိုးဆေးသည် အများပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် ခက်ခဲမည်ဟု ဆို

(GMT+08:00)2024-03-30 13:16:17  

ဂျပန်နိုင်ငံ Kobayashi ကုမ္ပဏီ မှ ထုတ်လုပ်သည့် red fermented rice ပါဝင်သော အားတိုးဆေးကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေရုံသာမက သေဆုံးခြင်းပြဿနာသည် ဂျပန်လူမှုလောကတွင် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံခဲ့ရ ပါသည်။

ဂျပန်ဆရာဝန်တစ်ဦးက Kobayashi ကုမ္ပဏီသည် အဆိုပါပြဿနာကို ချက်ချင်းထုတ်ဖော်ခြင်း မရှိသည့် အကြောင်းရင်းမှာ စီးပွားရေး အကျိုးစီးပွား အတွက်ကြောင့်  ဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ Kobayashi ကုမ္ပဏီအတွက် အများပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။