မော်စကို Crocus City Hall ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှုကို လူမှုမီဒီယာမှတစ်ဆင့် အမည်မသိ အမျိုးသားတစ်ဦးက လမ်းညွှန် ပေးခဲ့သည်ဟု ရုရှားစုံးစမ်း စစ်ဆေးရေးကော်မတီဆို

(GMT+08:00)2024-03-30 13:20:48  

     ရုရှားနိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုံးရှိ Crocus City Hall ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှုသည် ဆိုရှယ်မီဒီယာ "တယ်လီဂရမ်" မှတစ်ဆင့် အမည်မသိအမျိုးသားတစ်ဦးမှ လမ်းညွှန် ပေးခဲ့ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက မတ်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ လမ်းညွှန်သူ၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုသံသယရှိသူများက အကြမ်းဖက် တိုက်ခိုက်မှုကို လုပ်ဆောင်ပြီးနောက် ၎င်းတို့အား ကတိပြုထားခဲ့သည့် လစာများရယူရန် ရုရှား-ယူကရိန်း နယ်စပ်ဖြတ်ကျော်ကာ ကိယက်ဗ်မြို့သို့ ကားဖြင့် မောင်းနှင်သွားခဲ့သည်ဟု သတင်းရရှိပါသည်။