ရှီကျင့်ဖိန်နှင့် ကာဇက်စတန်သမ္မတ Tokaev တို့သည် တရုတ် "Kazakhstan Tourism Year" ဖွင့်ပွဲ အခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို အသီးသီးပေးပို့

(GMT+08:00)2024-03-30 13:14:20  

မတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ Tokaev တို့သည် ၂၀၂၄ခုနှစ် တရုတ် "Kazakhstan Tourism Year" ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ကာဇက်စတန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ကောင်းနှင့် မိတ်ဖက်ကောင်းများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံပြည်သူများသည် နှစ် ထောင် ပေါင်းများစွာ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပြီး ရှေးခေတ်က ပိုးလမ်းမကြီး တစ်လျှောက် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်လေ့လာမှုနှင့် ဖလှယ်မှုတွင် ကဗျာကောင်းများကို ပူးတွဲ ရေးစပ်ခဲ့ကြကြောင်း ဖော်ပြခဲ့ပါသည်။

Tokaev က ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့သည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ကြပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာရှိကာ၊  နှစ်နိုင်ငံဆက်ဆံရေးတွင် “နှစ်၃၀ ရွှေကာလ” အသစ်ကို ဖန်တီးရန် အားထုတ် ကြိုးပမ်းနေကြကြောင်း ဖော်ပြခဲ့ပါသည်။