ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourneသည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2024-03-30 13:15:41  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Stephane Sejourneသည် ဧပြီလ ၁ရက်နေ့တွင် တရုတ်နိုင်ငံသို့ ခရီးလှည့်လည် မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က မတ်လ ၂၉ရက်နေ့က ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါ သည်။