ပိုအော် အာရှဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2024-03-30 13:17:06  

ပိုအော် အာရှဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၂၉ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ ၄ရက်ကြာအစည်းအဝေးတွင် အစည်းအဝေးသို့တက်ရောက်သော ဘက်အသီးသီးတို့သည် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်၊ ဆွေးနွေးရန် အကြောင်းအရာများနှင့်ပတ်သက်၍ နွေးထွေးစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ လက်ရှိကမ္ဘာတွင် ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများကို နက်ရှိုင်းစွာ အကဲဖြတ် သုံးသပ်ခဲ့ကြကြောင်း၊ နိုင်ငံတကာ မိသားစုကြီးမှ တာဝန်ဝတ္တရားကို  အတူတကွ ထမ်းဆောင်ရန် သဘောတူညီမှုကို မြှင့်တင်ခဲ့ကြကြောင်း၊ “စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတူ တွန်းအားပေးခြင်း” ဟူသော အာရှတိုက်ကိုယ်စားပြုသော အရေးကြီး ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ China Media Groupမှ သတင်းအရ သိရပါသည်။