Zhao Leji သည် ၂၀၂၄ခုနှစ် ပိုအော်အာရှဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြား

(GMT+08:00)2024-03-29 15:01:11  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Zhao Leji သည် မတ်လ ၂၈ ရက်နေ့တွင် ဟိုင်နန်ပြည်နယ် ပိုအော်မြို့၌ကျင်းပသည့်  ပိုအော် အာရှ ဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ကာ  အာရှနှင့် ကမ္ဘာကြီး၏ သာယာသော အနာဂတ်ကို လက်တွဲ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ကာဇက်စတန်သမ္မတ တိုကယက်ဗ်၊ Nauru သမ္မတ Adeang ၊ သီရိလင်္ကာ ဝန်ကြီး ချုပ် ဂန်နာဝါဒီနာ၊ ဒိုမီနီကာ ဝန်ကြီးချုပ် စကက်ရီက်၊ ကမ္ဘောဒီးယား ဘုရင်၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဟွန်ဆန်၊ ရုရှားဒုဝန်ကြီးချုပ် အိုဝေချုခ်၊ ကမ္ဘာ့ပညာ မူပိုင်ခွင့်အဖွဲ့ ဒါရိုက်တာချုပ် Daren Tang၊ OECD အဖွဲ့အတွင်းရေးမှူးချုပ် ကိုးလ် မန်း၊  အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn၊ ဖိုရမ်ကောင်စီဥက္ကဋ္ဌ ဘန်ကီမွန်း စသည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်မှ နိုင်ငံရေး၊ စက်မှုနှင့်ကုန်သွယ်ရေးနှင့် တတ်သိပညာရှင်လောကမှ ကိုယ်စားလှယ် ၁၅၀၀ ကျော်သည် ယခုအကြိမ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

Zhao Leji က ယနေ့ကမ္ဘာကြီးတွင် ရာစုနှစ် အပြောင်းအလဲကြီးများ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင် ဆိုင်နေရကြောင်း၊ “လူသားတို့  မည်သည့်လမ်းကြောင်းသို့ တက်လှမ်းမည်နည်း” ဟူသော ခေတ်ကာလ၏ မေးခွန်းနှင့် ပတ်သက်၍  တရုတ်နိုင်ငံ၏ အဖြေမှာ လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။