အကြမ်းဖက် သမားများသည် ယူကရိန်းနှင့် သက်ဆိုင်မှု ရှိဟု ရုရှားဆို

(GMT+08:00)2024-03-29 14:45:32  

ဒေသစံတော်ချိန် မတ်လ ၂၈ ရက်နေ့က ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ Bastrykin သည် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး မော်စကိုပြည်နယ် Crocus City Hall ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ကြားနာခဲ့သည်။ ယင်းအစီရင်ခံစာအရ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ကပွဲရုံ အကြမ်းဖက် တိုက်ခိုက်မှုအတွက် ငွေကြေးထောက်ပံ့မှု ပေးအပ်ခဲ့သည့် သံသယရှိသူတစ်ဦးကို နောက်ထပ် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေး၏ ပဏာမရလဒ်များသည် အကြမ်းဖက်သမားများ ၏ အစီအစဉ် ချမှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အကြမ်းဖက်မှု စီစဉ်သူများမှ ငွေကြေးထောက်ပံ့မှုတို့ကို အပြည့်အဝ အတည်ပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

ဖမ်းဆီးရမိသော အကြမ်းဖက်သမားများအား စစ်ဆေးမေးမြန်းခြင်းနှင့် ၎င်းတို့ထံမှ သိမ်းဆည်း ရမိသော နည်းပညာပစ္စည်းများနှင့် ငွေကြေးသွားလာမှုဆိုင်ရာ အချက်အလက်များ၏ စစ်ဆေးချက်အရ အကြမ်းဖက်သမားများနှင့် ယူကရိန်း အမျိုးသားရေး ဝါဒီများ ဆက်သွယ်မှု ရှိကြောင်း အထောက်အထားများ ရရှိခဲ့သည်ဟုသတင်းရရှိပါသည်။