တောင်အာဖရိက တံတားတစ်ခုတွင် ဘတ်စ်ကားတစ်စီး ပျက်ကျခဲ့သော ကြောင့် လူ ၄၅ ဦး သေဆုံး

(GMT+08:00)2024-03-29 14:52:38  

တောင်အာဖရိကနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှ မတ်လ ၂၈ ရက်နေ့ ညက ထုတ်ပြန် ချက် အရ ၎င်းနိုင်ငံမြောက်ပိုင်း Limpopo ပြည်နယ်ရှိ တံတားတစ်ခုပေါ်မှ ဘတ်စ်ကားတစ်စီး ပျက်ကျခဲ့ပြီး လူ ၄၅ ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ဘော့ဆွာနာမှ Limpopo ပြည်နယ်သို့ ပြေးဆွဲသည့် ဘတ်စ်ကားတစ်စီးသည် ထိုနေ့တွင် Mamallakala ဒေသ၌ ထိန်းချုပ်မှုစနစ်ပျက်သွားသဖြင့် တံတားတစ်ခု ပေါ်မှ မြေပြင်ပေါ်သို့ ကျသွားကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း မတော် တဆ မှုဖြစ်ရတဲ့ အသေးစိတ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းအရ သိရှိရသည်။