အမေရိကန် ကိုယ်စားလှယ်က ဘာဖြစ်လို့ "Thucydides ထောင်ချောက်"ဟာ မလွဲမသွေ ဖြစ်တာ မဟုတ်ဘူး လို့ ပြောခဲ့တာလဲ

(GMT+08:00)2024-03-29 14:42:39  

 

  မတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘေကျင်းမှာ အမေရိကန် စက်မှု၊ ကုန်သွယ်မှုလောကနဲ့ မဟာဗျူဟာ၊ သုတေသနလောက ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ရှီကျင့်ဖိန်က ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးပွဲမှာ အကြီးဆုံး သဘောတူညီချက်ဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်လာသင့်ကြောင်းပဲ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ အမေရိကန် ကိုယ်စားလှယ်က "Thucydides ထောင်ချောက်"ဟာ မလွဲမသွေ ဖြစ်တာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

   စိတ်ဝင်စားစရာ ကောင်းတာကတော့ ရှင်သန်လာစနိုင်ငံကြီးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီအကြား အငြင်းပွားမှုဖြစ်နိုင်ခြေဆိုင်ရာ "Thucydides ထောင်ချောက်" အယူအဆ တင်ပြသူ၊ Harvard တက္ကသိုလ် Kennedy အစိုးရ ကောလိပ်ကျောင်းရဲ့ တည်ထောင်သူ ကျောင်းအုပ်ကြီး Allison ဟာ ဒီအကြိမ် တွေ့ဆုံပွဲမှာ ပါဝင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုနှစ်များအတွင်း အမေရိကန်က တရုတ်နိုင်ငံကို အဓိက မဟာဗျူဟာ ပြိုင်ဘက်အဖြစ် သဘောထားတာနဲ့အမျှ အကဲခတ်ပုဂ္ဂိုလ် တော်တော်များများက "Thucydides ထောင်ချောက်"ဆိုတဲ့ ဝေါဟာရနဲ့ တရုတ်-အမေရိကန် ဆက်ဆံမှု အလားအလာအပေါ် စိုးရိမ်မှုကို ဖော်ပြနေကြတယ်။ ဒါနဲ့ အမေရိကန် ကိုယ်စားလှယ်က ဘာဖြစ်လို့ "Thucydides ထောင်ချောက်"ဟာ မလွဲမသွေ ဖြစ်တာ မဟုတ်ဘူး လို့ ပြောခဲ့တာလဲ။

  တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကိုယ်တိုင် အောင်မြင်မှုများဟာ တစ်ဖက်သားရဲ့ အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ အဲဒီအချက်ဟာ ဖြစ်ရပ်မှန်များနဲ့ အချက်အလက်များရဲ့ အကြိမ်ကြိမ် သက်သေပြမှု ခံခဲ့ရပြီ။

   လက်ရှိအချိန်မှာ တရုတ်နိုင်ငံက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို တက်ကြွစွာ ဆောင်ရွက်နေတယ်။ သမားရိုးကျ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ခြင်း ဖြစ်ဖြစ် ထွန်းသစ်စနဲ့ အနာဂတ် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးခြင်းဖြစ်ဖြစ် အမေရိကန် ကုမ္ပဏီများအတွက် ပိုမိုများပြားတဲ့ အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

   "Thucydides ထောင်ချောက်"ဟာ မလွဲမသွေ ဖြစ်တာ မဟုတ်ဘူး ဆိုတဲ့ အယူအဆဟာ အမေရိကန် အစိုးရက တရုတ်ပြည်ကို မှန်ကန်စွာ နားလည်သိရှိနိုင်ဖို့ အမေရိကန် စက်မှု၊ ကုန်သွယ်မှုလောကနဲ့ မဟာဗျူဟာ၊ သုတေသနလောကတို့ရဲ့ မျှော်မှန်းချက်လည်း ဖြစ်ပါတယ်။

   "Thucydides ထောင်ချောက်" တင်ပြသူ Allison ကလည်း နိုင်ငံကြီးအကြား ယှဉ်တွဲ နေထိုင်ရေးနည်းလမ်းအပေါ် အယူအဆသစ် ရှိနေပါပြီ။ သမ္မတ ရှီကျင့်ဖိန် တင်ပြထားတဲ့ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ မူသုံးရပ်ဟာ လွန်စွာ အရေးကြီးကြောင်း၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပြီး မှန်ကန်တဲ့ ယှဉ်တွဲနေထိုင်ရေးလမ်းကြောင်းကို ရှာတွေ့ရမှာ ဖြစ်ကြောင်း သူက ယူဆပါတယ်။

   "Thucydides ထောင်ချောက်"ဟာ မလွဲမသွေ ဖြစ်တာ မဟုတ်ဘူး ဆိုတဲ့ အယူအဆဟာ အမေရိကန် စက်မှု၊ ကုန်သွယ်မှုလောကနဲ့ မဟာဗျူဟာ၊ သုတေသနလောကတို့ရဲ့ သဘောတူညီချက် ဖြစ်ရုံသာမက အမေရိကန် အစိုးရရဲ့ သဘောတူညီချက်လည်း ဖြစ်သင့်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။