တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ပွဲ အခမ်းအနား ကျင်းပ

(GMT+08:00)2024-03-29 14:54:51  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပခဲ့ပြီး ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းရုတ်ရှာသည် ရှီကျင့်ဖိန် လက်မှတ်ရေးထိုးထားသော ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့် ခြင်း အမိန့်ကို ဖတ်ကြားခဲ့ပါသည်။ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဟိုဝေ့တုန်း က ယင်းအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပါသည်။

ယခုအကြိမ် ဗိုလ်ချုပ်ကြီးရာထူးအဆင့် တိုးမြှင့်ခံရသော စစ်ဗိုလ်က ဗဟိုစစ်ရေးကော်မရှင် နိုင်ငံရေးနှင့် ဥပဒေကော်မရှင် အတွင်းရေးမှူး ဝမ်ရမ်ဟွာနှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ရှောင်းထျန်းလျန့်ဖြစ်ပါသည်။ ယင်းနောက် ရှီကျင့်ဖိန် အပါအဝင် ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရသော စစ်ဗိုလ်များနှင့် အမှတ်တရ ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြပါသည်။