ဂျပန် Kobayashi ကုမ္ပဏီ မှ ထုတ်လုပ်သော အားတိုးဆေးကြောင့် လူ ၄ ဦးသေဆုံး ခဲ့သောကြောင့် ကုမ္ပဏီဥက္ကဋ္ဌ တောင်းပန်

(GMT+08:00)2024-03-29 14:44:42  

လွန်ခဲ့သည့်ရက်များအတွင်း ဂျပန် Kobayashi ကုမ္ပဏီ မှ ထုတ်လုပ်သော အားတိုးဆေးဆိုင်ရာ အရှုပ်တော်ပုံ ဆက်လက်ဖြစ်ပွားနေသည်။ မတ်လ ၂၈ ရက်နေ့က Kobayashi Pharmaceutical Co. က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းကုမ္ပဏီမှ ထုတ်လုပ်သည့် red fermented rice ပါဝင်သော အားတိုးဆေးကို သောက်သုံးခဲ့သောကြောင့် သေဆုံးသူဦးရေ ၄ ဦးအထိ ရှိလာခဲ့ ပြီး ၁၀၆ ဦး ဆေးရုံတက်ရကြောင်း ဖော်ပြထားသည်ဟု NHKမှ သတင်းအရ သိရပါသည်။ ထိုနေ့တွင် ကျင်းပခဲ့သော ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် Kobayashi ကုမ္ပဏီ  ဥက္ကဋ္ဌ Akihiro Kobayashi က အဆိုပါကိစ္စအတွက် တောင်းပန်ခဲ့သည်။

Kobayashi ကုမ္ပဏီ မှ ထုတ်လုပ်သည့် red fermented rice ပါဝင်သော အားတိုးဆေးကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်ခဲ့သဖြင့် စျေးကွက်တွင် ဆေးကုနိုင်စွမ်းရှိသည့် အမှတ်အသားပါ အစားအစာများကို အရေးပေါ် စစ်ဆေးခြင်း များ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မတ်လ ၂၈ ရက်နေ့က ဂျပန် စားသုံးသူရေးရာရုံးမှ တာဝန်ရှိသူက ကြေညာခဲ့သည်။

၂၈ ရက်နေ့တွင်ပင် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အကြောင်းရင်းကို ဖော်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ သည်။